အလုပ်ဗီဇာ高度人材ビザ (Koudo Jinzai Visa) သည် ဂျပန်၏ စီးပွားရေးကို တိုးတက်စေဖို့ အထူးကျွမ်းကျင်သော နိုင်ငံခြားသားများကို ခေါ်ယူရန် ရည်ရွယ်သည်။ ဤဗီဇာတွင် အောက်ပါ ၃ မျိုးရှိသည် –
- Advanced Academic Research Activities: သုတေသနနှင့် ပညာရေးဆိုင်ရာ လှုပ်ရှားမှုများအတွက်။
- Advanced Specialized/Technical Activities: IT၊ အင်ဂျင်နီယာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အစရှိသော နယ်ပယ်များတွင် အထူးကျွမ်းကျင်မှုရှိသောသူများအတွက်။
- Advanced Business Management Activities: အမှုဆောင် ဒါရိုက်တာများနှင့် မန်နေဂျာများအတွက်။
လျှောက်ထားသူများကို ပညာရေးနောက်ခံ၊ လုပ်ငန်းအတွေ့အကြုံနှင့် နှစ်စဉ်လစာစသည်တို့ကို အခြေခံ၍ အမှတ်ပေးစနစ်ဖြင့် တိုင်းတာသည်။ အမှတ်များရရှိသောသူများသည် နေထိုင်ခွင့်ကြာရှည်ခြင်း၊ ၃ နှစ်အတွင်း အမြဲတမ်းနေထိုင်ခွင့် ရရှိနိုင်ခြင်းနှင့် မိသားစု ခေါ်ယူခွင့် စသည်တို့ အကျိုးကျေးဇူးများကို ရရှိသည်။
ပိုမိုအသေးစိတ်သိရှိလိုပါက Immigration Services Agency of Japan ( https://www.moj.go.jp/isa/ ).